Showing posts with label လင်္ကာ ပေးစာ. Show all posts
Showing posts with label လင်္ကာ ပေးစာ. Show all posts

Saturday, November 10, 2012

ပြောမထွက်သည့် ပြဿနာ


ပြောမထွက်သည့် ပြဿနာ
ညီမောင်ရေ....
ညီမောင်နှင့်တကွ ကျောင်းတိုက်ရှိ သံဃာတော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဆိုင်ရာ တာဝန်များကို ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက် စာရေးလိုက်ပါတယ်။ နောင်တော် တို့လည်း ကျန်းမာစွာဖြင့် ပညာသင်ကြားလျက်ရှိကြပါတယ်။ သီရိလင်္ကာကို ရောက်ပြီးကတည်းက စာမရေးဖြစ်တာကိုတော့ ခွင့်လွှတ်ပါလို့ ဦးစွာတောင်းပန်ရပါတယ်။ Email ကနေ ပို့လိုက်တဲ့ ညီမောင့်ရဲ့စာကို နောင်တော်ကြိမ်ရေများစွာ ဖတ်ပြီးပါပြီ။
ညီမောင်ရေ……
သီရိလင်္ကာကို ပညာလာသင်ချင်တယ်၊ ဒါပေမယ့်----“ ဆိုပြီး အဆုံးသတ်ထားတဲ့ ညီမောင်ရဲ့စာဟာ ဘာကိုဆိုလိုမှန်း နောင်တော် ကောင်းကောင်းသိပါတယ်။ အကျိုးတရားတစ်ခု ဖြစ်လာဖို့အတွက် ကြောင်းတရားတွေ အများကြီးပေါင်းဆုံကြရတယ်ဆိုတာ တကယ်မှန်ပါတယ်။ သီရိလင်္ကာမှာ B.A.တန်း တက်မယ်ဆိုရင် အနည်းဆုံး ပထမကြီးတန်းအောင်ရမယ်၊ M.A တန်းတက်ချင်ရင်တော့ ဓမ္မာစရိယဘွဲ့ တစ်ခုခု၊ ဒါမှမဟုတ်(ပါဠိစာပေပါတဲ့) B.A ဘွဲ့တစ်ခုခုရရှိပြီးဖြစ်ဖို့နဲ့ အင်္ဂလိပ်စာ အဆင့်အတန်းလည်း အတော်အတန်ရှိဖို့လိုအပ်တယ်ဆိုတာတော့ ညီမောင် သိပြီးသားဖြစ်မှာပါ။  သီရိလင်္ကာကို ကျောင်းလာတက်ချင်တဲ့ ညီမောင်မှာ လိုအပ်တဲ့အရည်အချင်းတွေရှိပြီးသားဆိုတာကို နောင်တော်သိပါတယ်။
ညီမောင်ရေ…
ညီမောင်သိတဲ့အတိုင်းပဲဒါပေမယ့်--“ ဆိုတဲ့ပြဿနာဟာ အတော်ကျယ်ဝန်းလှ ပါတယ်။ နိုင်ငံရပ်ခြားကို ထွက်တော့မယ်ဆိုရင် နဝကမ္မလိုလာပြီလေ။ အဲ--“ဒါပေမယ့်လို့ပဲ သုံးကြ ပါစို့ရဲ့။ ပထမဆုံး နိုင်ငံကူးလက်မှတ်စလုပ်ရတော့မယ်။ ပြီးရင် ညီမောင်ရထားတဲ့ ဘွဲ့လက်မှတ် နဲ့ အမှတ်စာရင်းတွေကို အမိန့်တော်ရ ရှေ့နေတစ်ယောက်ဆီမှာ အင်္ဂလိပ်ဘာသာပြန် သွားလုပ်ရမယ်။ အဲဒီကစပြီး ဒါပေမယ့်က စကားစပြောလာပြီ။ လေယာဉ်လက်မှတ်ဖိုး၊ ကျောင်းစရိတ်၊ စားသောက် နေထိုင်စရိတ်၊၊ စာအုပ်စာတန်းဖိုး၊ နောက် မရှိရင်မဖြစ်သလောက်လိုအပ်တဲ့ ကွန်ပြူတာ အဟောင်း ကလေးတစ်လုံးဖိုး ---- ဒါတွေအားလုံးဟာ ဒါပေမယ့်တွေချည်းပဲပေါ့။
ညီမောင်ရေ
ညီမောင် သိတဲ့အတိုင်းပါပဲ။ ရဟန်းတွေဆိုတာ ဘာစီးပွါးရေးတွေလုပ်လို့ ဘယ်ကနေဝင်ငွေ ရနိုင်မှာလဲ။ နောက်ပြီး ဝိနည်းတော်ကြီးမှာလည်း ရဟန်းတွေ ငွေမကိုင်ရဘူးဆိုတာ အတိအကျ သတ်မှတ် ထားတော့ဒါပေမယ့်ပြဿနာကြီးက အခက်တကာ့ထွဋ်ခေါင် အဖြစ်ကို ရောက်လာရတော့တာပေါ့။ အဲဒီအတွက်ကြောင့်ပဲထင်တယ် ညီမောင်ရေ၊ တစ်လောက သူငယ်ချင်းတစ်ယောက်ဆီက ရောက်လာတဲ့ Forward Mail ထဲမှာ အိန္ဒိယ သီရိလင်္ကာ တို့မှာ ဒေါက်တာဘွဲ့သွားယူတဲ့ ဆရာတော်တွေ ထေရ၀ါဒနဲ့ ညီပါသလား။ ဓမ္မပဒမှာ ဘုရားသွားဖူးတဲ့ ရဟန်း၂ပါး။ တစ်ပါးက ရေစစ်မပါတော့ အာပတ်သင့်မှာ စိုးလို့ ရေမသောက်ပဲ ပျံတော်မူ။ တစ်ပါးကတော့ သင်္ကန်းလေးနဲ့ စစ်သောက်ပြီး ဘုရားဆီသွား ... ဘုရားက လာတဲ့ ကိုယ်တော်ကို အပြင်းအထန် ပြစ်တင်ရှုံ့ချတာကိုကြည့်ရင် အာပတ်တွေနဲ့ မကင်းတဲ့ ဒေါက်တာဘွဲ့ကို ဘုရားချီးမွမ်းပါ့မလား။ အကယ်၍ အာပတ်မသင့်ခဲ့ဘဲ ဒေါက်တာဘွဲ့ ယူနိုင်ခဲ့တဲ့ ထေရ၀ါဒ စစ်စစ် ရဟန်းတော်များရှိရင် ညွှန်းပေးကြပါ။ (အနည်းဆုံးတော့ ဗီဇာကိစ္စ၊ ခရီးသွားရင် ကားခ ရထားခပေးတဲ့ ပိုက်ဆံကိစ္စ၊ အိမ်ငှားပြီးနေရတဲ့ကိစ္စ တစ်ခုခုတော့ ငြိမှာပဲ။) တစ်သက်လုံး နောက်လိုက်ပြီး ၀တ်ကြီးဝတ်ငယ်ပြုစုချင်ပါတယ်။ဆိုပြီး ရေးထားတာကို ဖတ်လိုက်ရပါတယ်။

Wednesday, November 7, 2012

ပြောမထွက်သည့်ပြဿနာ